ဆေးလောကဟာသများ -၂ (Medical Jokes -2)

| Jun 30, 2010 | |

နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပန အခမ်း အနားဟာ ဧည့်ပရိတ်သတ်များနဲ့ အထူး စည်ကား နေပါတယ်.. နှလုံးသား ပုံဖော်ထားတဲ့ ပန်းအလှဆင် ပန်းဝိုင်း ကြီးမှ ဆရာဝန်ကြီးရဲ့ ရုပ်ကလာပ်ကို ဖြတ်သန်း သယ်ဆောင်ပြီး ခမ်းခမ်းနားနား ဂုဏ်ပြု နှုတ်ဆက်ကာ ပို့ဆောင်လျက် ရှိနေခိုက် ပရိသတ်အတွင်းမှ တီးတိုးရယ်သံ ထွက်ပေါ် လာပါတယ်.. ရယ်သူရဲ့ ဘေးမှ လူက ရယ်နေသူကို...
"ခင်ဗျား ဘာလို့ ရယ်တာလဲ"
ရယ်နေသူက.....
"နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပနကို ကြည့်ပြီး ကျနော့ဈာပန အကြောင်း တွေးမိလို့ပါ"
မေးနေသူက...
"ခင်ဗျားက ဘာမို့လို့ လဲ"
ရယ်နေသူ ပြန်ဖြေလိုက်တာကတော့...
" ကျနော်က သားဖွားနဲ့ မီးယပ် အထူးကုပါ.."



ဦးနှောက် အစားထိုး ကုသဖို့ လိုအပ်တဲ့ လူနာက ဦးနှောက် အစားထိုး ကုသပေးနေတဲ့ ဆေးရုံမှ တာဝန်ရှိ ဆရာဝန်အား ဈေးနှုန်း စုံစမ်းရာ...
ဆရာဝန်က...
"ကောင်းပြီ.. ဒီက ပီအိပ်ခ်ျဒီ ဆရာကြီး ရဲ့ဦးနှောက်က ဒေါ်လာ ၁၀၀၀၀၊ ဟောဒါက နာဆာ ထိပ်တန်း သိပ္ပံပညာ ရှင်ကြီးရဲ့ ဦးနှောက်က ဒေါ်လာ ၁၅၀၀၀၊ ဒါက ရဲဝန်ထမ်း တစ်ဦးရဲ့ ဦးနှောက် ဒေါ်လာ ၅၀၀၀၀ ..."
"ဘာဖြစ်လို့ ပါလဲ ဒေါက်တာ"
"သူ့ဦးနှောက်က တစ်ခါမှ မသုံးရသေး လို့ပါဘဲ..."

"ဒေါက်တာ ခင်ဗျား ..ကျွန်တော့်ကို ခွဲစိတ်မှုလုပ်ပြီး သွားရင် ကျွန်တော် တယော ထိုးနိုင်ပါသလား"...
"ခင်ဗျား ကောင်းကောင်း ထိုးနိုင်ပါလိမ့်မယ်.."
"ကျေးဇူးပါဘဲ ဒေါက်တာ ကျွန်တော် အရင်က တယော မထိုးတတ်ပါဘူး"

"ဒေါက်တာ ခင်ဗျား .. ကျွန်တော် နမိုးနီးယား ဖြစ်နေတယ် ဆိုတာ သေချာပါသလား.. ကျွန်တော် အရင်က ကြားဖူးတာ ဆရာဝန် တစ်ယောက် က လူနာ တစ်ယောက်ကို နမိုးနီးယား ဖြစ်တယ်ဆိုပြီး အဲဒီလူ သေတော့ တိုက်ဖွိုက်ရောဂါ နဲ့ သေသွား ပါတယ်.."
"စိတ်မပူပါနဲ့ .. ကျွန်တော့်ဆီမှာ တော့ အဲဒီလိုမျိုး မရှိပါဘူး နမိုးနီးယား ဖြစ်နေသူက နမိုးနီးယား နဲ့ဘဲ သေကြပါတယ်.."

လူနာ တစ်ဦး ဟာ အလွန်တရာ ချမ်းအေးတဲ့ ဒဏ်ကို ခံစားနေရတဲ့ အတွက် ဆရာဝန်ဆီ သွားပြပါတယ်.. ဆရာဝန်က သောက်ဆေး များကို ပေးလိုက်သော်လည်း မသက်သာပေ.. နောက်တစ်နေ့ ဆက်ပြတော့ နောက်ထပ်သောက်ဆေး အချို့ ပေးသော်လည်း ထူးခြားမှု မရှိလာပေ.. တတိယ နေ့ ဆရာဝန်ဆီ ပြန်လာတော့ ..ဆရာဝန်က
"ခင်ဗျား အိမ်ပြန်ရောက် ရောက်ခြင်း ရေနွေးနဲ့ ရေချိုးလိုက်ပါ.. ပြီးပြီးချင်း အိမ်ပြတင်း ပေါက်တွေကို ဖွင့်လိုက်ပါ.. နောက်တော့ အဲဒီ ပြတင်းပေါက် နားမှာ ရပ်နေပါ.."
"အဲဒီ လိုနေရင် ကျွန်တော် အအေးမိပြီး နမိုးနီးယား ဖြစ်သွား မှာပေါ့.." လူနာက ပြန်ပြော လိုက်တော့..
ဆရာဝန် ပြန်ဖြေ လိုက်တာကတော့ ..
"ကျွန်တော် နမိုးနီးယား ကိုတော့ ကောင်းကောင်း ကုတတ်ပါတယ်.."

ဝန်ထမ်း တစ်ဦးဟာ အလုပ်လာရာမှာ နားနှစ်ဖက်စလုံး ပတ်တီး စည်းထားတာကို အလုပ်ရှင်က တွေ့တော့..
"မင်း ဘာဖြစ်လာတာလဲ.. နားနှစ်ဖက်စလုံး ပတ်တီး စည်းထားတာ ပါလား..."
"ကျွန်တော် မနေ့ညက မီးပူတိုက် နေတုန်း ဖုန်းဝင်လာလို့ မီးပူကို နားမှာကပ်ပြီး ဖြေမိပါတယ်.."
"ဟုတ်ပြီ ဒါဆို နောက်တစ်ဖက် ကကော ဘာဖြစ်တာလဲ.."
"နောက်တစ်ဖက်က ဆရာဝန်ဆီ ဖုန်းဆက် ခေါ်မိလို့ပါ.."


References;
http://www.juliantrubin.com/medicaljokes.html
http://jokes.maxabout.com/medical-jokes/totally-unused/3516
Visitor Map
Create your own visitor map!
Click to view Large Size