
တီဘီ ရောဂါဟာ ကူးစက် လွယ်တဲ့ ရောဂါ ဖြစ်ပြီး Mycobacterium tuberculosis ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပွား ရတာ ဖြစ်ပါတယ်.. Tubercles Bacillus လို့လည်း ခေါ်ပြီး အတိုကောက် TB လို့ ခေါ်ပါတယ်.. ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံ ဟာတီဘီ ရောဂါ ပိုးကူးစက် ခံထား ရပြီး တစ်စက္ကန့် မှာ ပျမ်းမျှ လူတစ်ဦး ကူးစက် ခံနေ ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ခန့်မှန်း ထားပါတယ်.. အိပ်ခ်ျ အိုင်ဗွီ ပိုး မရှိဘဲ တီဘီ ပိုး တစ်မျိုး တည်းသာ ကူးစက် ခံထား ရသူ များရဲ့ ၅ မှ ၁၀ % ကသာ သူတို့ ရဲ့ သက်တမ်း တစ်လျှောက် တီဘီ ရောဂါ လက္ခဏာ ကို ခံစား ကြရ ပါတယ်.. အိပ်ခ်ျ အိုင်ဗွီ နဲ့ တီဘီ ပိုး နှစ်မျိုး လုံး ကူးစက် ခံရသူ များမှာ တော့ တီဘီ ရောဂါ ပိုမို ဖြစ်ပွား တတ်ကြ ပါတယ်.. တီဘီ ရောဂါ ဖြစ်ပွား နေသူ တစ်ဦး ဟာ မကု သဘဲ ထားပါက တစ်နှစ် အတွင်း ပျမ်းမျှ လူ ၁၀ မှ ၁၅ ဦးထိ ထပ်မံ ကူးစက် နိုင်ပါတယ်..
တီဘီ ရောဂါ ပိုးဟာ ရောဂါ ဖြစ်ပွား နေသူ၏ နှာခြေ၊ ချောင်းဆိုးခြင်း၊ တံတွေး ထွေးခြင်းကြောင့် လေမှ တစ်ဆင့် အသက် ရှူ လမ်းကြောင်း တစ်လျှောက် ၀င်ရောက် ကူးစက် တတ်ပါတယ်.. အဓိက အားဖြင့် အဆုတ် တွင်းတွင် ၀င်ရောက် ပွားများ တတ်ပြီး ခန္ဓာကိုယ် အခြား နေရာ များသို့ လည်း ပျံ့နှံ့ ဖြစ်ပွား တတ်ပါတယ်.. အဆုတ် အပြင် အခြား အဖြစ်များ သော နေရာ များမှာ ဦးနှောက် အမြှေး (Meninges)၊ အဆုတ် မြှေးလွှာ (Pleura)၊ အရိုး အထူးသဖြင့် ကျောရိုး တီဘီ (Pott's Spine)၊ ကျောက်ကပ် (Kidney)၊ အူသိမ် (Intestine) တို့ ဖြစ်ကြ ပါတယ်.. ဒီဆောင်းပါး မှာ အဆုတ် တီဘီ အကြောင်း ကိုဘဲ ဦးစားပေး ရေးပါ့မယ်.. ခန္ဓာကိုယ် ခုခံ အား ကောင်းမွန် သူများ တွင် တီဘီ ပိုးများ ၀င်ရောက် လာပါက ပိုးပွား များမှု ကို ဟန့်တား ထားစေပြီး ပိုးများ၏ ပတ်လည် တွင် အနာရွတ် တစ်သျှူး (Scar Tissue) များ ၀န်းရံ ထားခြင်း ဖြင့် ရောဂါ မဖြစ်ပေါ် အောင်၊ ငုပ်လျှိုး နေအောင် ခုခံ ထားနိုင် ပါတယ်.. ခန္ဓာ ကိုယ် ခုခံ မှု လျော့နည်း လာပါက ငုပ်လျှိုး နေသော တီဘီ ရောဂါ ပိုးများ ပြန်လည် ပွားများ လာပြီး တီဘီ ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်.. တီဘီ ကူးစက် ရန် အခွင့် အလမ်း များသော သူများမှာ
- တီဘီ ရောဂါ ဖြစ်ပွား နေသူနှင့် အတူနေ မိသားစု ၀င်များ၊
- ပြုစု စောင့်ရှောက် ရေး ဂေဟာ များရှိ အတူ နေသူများ၊
- အကျဉ်း သားများ၊
- အရက် သောက်သုံး သူများ၊ မူးယစ် ဆေးစွဲ သူများ၊
- ဆီးချို သွေးချို ရောဂါ ဝေဒနာ ရှင်များ၊ ကင်ဆာ ဝေဒနာရှင်များ၊ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများ၊
- ကျန်းမာရေး ၀န်ထမ်းများ တို့ ဖြစ်ပါတယ်...။
တီဘီ ရောဂါ လက္ခဏာ များမှာ
တို့ ဖြစ်ပါတယ်.. အဆုတ် ပြင်ပ တီဘီ မှာ ဖြစ်ပွား သည့် နေရာ ပေါ်မူ တည်ပြီး လက္ခဏာ ပြသကြ ပါတယ်..
တီဘီ ရောဂါ ရှာဖွေ စမ်းသပ် ရာတွင် သလိပ်ကို မိုက်ခရို စကုပ်ဖြင့် စစ်ဆေး ရှာဖွေခြင်း (Microscopic Sputum Examination)၊ ရင်ဘတ် ဓါတ်မှန် ရိုက်၍ စစ်ဆေး ကြည့်ရှုခြင်း (Chest X-ray)၊ အရေပြား တွင် ဆေးရည် ထိုး၍ စစ်ဆေးခြင်း (Tuberculin Skin Test)၊ တီဘီ ပိုးရဲ့ ဒီအန်အေ (DNA) ကို Polymerase Chain Reaction (PCR) နည်းဖြင့် ရှာဖွေ စစ်ဆေးခြင်း တို့ ဖြစ်ပါတယ်...
တီဘီ ရောဂါ လက္ခဏာ ခံစား ဖြစ်ပွား နေသူများ မကုသ ဘဲ ထားပါက ၅၀% ကျော်ဟာ အသက် ဆုံးရှုံး နိုင်ပါတယ်.. တီဘီ ရောဂါ ပိုးဟာ အခြား ရောဂါ ပိုးများ နဲ့ မတူဘဲ အချိန် ကြာရှည်စွာ ကုသမှ ပျောက်ကင်း နိုင်ပါတယ်.. ငုပ်လျှိုး နေသော ပိုးများ ကြောင့်၎င်း၊ ဘက်တီး ရီးယား ပိုး၏ ဆဲလ်နံရံ ဟာ အဆီနဲ့ မိုင်ကောလစ် အက်စစ် (Mycolic acid) အများ အပြား ပါဝင် တာကြောင့် ၎င်း အလွယ် တကူ ဆေးတိုက်ဖျက် နိုင်မှု မရှိတာ ကြောင့် ဖြစ်ပါတယ်.. ဖြစ်ပွားမှု အသစ် အဟောင်း၊ ဖြစ်ပွားတဲ့ နေရာ ပေါ် မူတည်ပြီး ဆေးကို ၆ လ မှ ၂ နှစ် ထိ သောက်ဖို့ လိုအပ် ပါတယ်.. တီဘီ ရောဂါ ကိုတိုက်ဖျက် နိုင်တဲ့ အစွမ်း ထက်ဆေး နှစ်မျိုး ကတော့ Rifampicin နဲ့ Isoniazid ဖြစ်ပြီး ဆေးသောက် သုံးနေတဲ့ ကာလ တစ်လျှောက် လုံး အမြဲ ပါဝင် နေပါတယ်.. အခြား တွဲဖက် သုံးစွဲ ရတဲ့ ဆေးများ ကတော့ Ethambutol, Pyrazinamide, Inj Streptomycin တို့ ဖြစ်ပါတယ်.. တီဘီ ရောဂါ အတွက် ဆေးတစ်မျိုး တည်းကိုသာ သုံးစွဲ ကုသ ပါက အချိန် ကြာမြင့် သည့်အပြင် အဓိက ဆေးမတိုး ဆေးယဉ် ပါးမှု ပြဿနာ (Drug Resisitant) များ ပေါ်ပေါက် လာနိုင်လို့ ဆေးများ စုပေါင်း သုံးစွဲ ကုသလာ ကြပါတယ်.. အခု အခါ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) မှ ချမှတ် ညွှန်ကြား ထားသော "တိုက်ရိုက် ကြည့်ရှု အချိန် တိုနှင့်ကု" (Directly Observed Treatment in Short-course - DOTS) စနစ် အရ ကုထုံး များဖြင့် ကုသ ပေးနေ ကြပါတယ်.. မြန်မာ နိုင်ငံ မှာတော့ အမျိုးသား တီဘီ ရောဂါ တိုက်ဖျက်ရေး အဖွဲ့ (NTP) ၏ စီစဉ် ညွှန်ကြားမှု ဖြင့် မြို့နယ် ဆေးရုံ များရှိ တီဘီ ရောဂါ တိုက်ဖျက်ရေး ဌာန၊ မြန်မာ နိုင်ငံ တစ်ဝှမ်း ရှိ "နေ အရည် အသွေး ပြည့် ဆေးခန်း" (Sun Clinic) များတွင် တီဘီ ရောဂါ ဝေဒနာ ရှင်များအား အခမဲ့ ဆေးပေး ကုသ လျက်ရှိ ပါတယ်.. ဆေးများကို နေ့စဉ် အချိန်မှန် စနစ်တကျ သောက်ရန် လိုအပ်ပြီး ပျက်ကွက် ပါက ဆေးယဉ် ပါးမှု ဖြစ်နိုင်ချေ များပါတယ်.. အဓိက ဆေးနှစ် မျိုးဖြစ်တဲ့ Rifampicin နဲ့ Isoniazid ဆေးယဉ်ပါး လာပါက Multi-Drugs Resisitant TB (MDRT or MDR-TB) လို့ ခေါ်ပြီး မြို့နယ် ဆေးရုံ နဲ့ ဆေးခန်း များတွင် ကုသမှု မပေး နိုင်တော့ဘဲ အမျိုသား တီဘီ တိုက်ဖျက်ရေး ဇုံ/ဆေးရုံ များတွင် သာ ဆက်လက် ဆေးကုသ ခံယူ ရပါမယ်...

တီဘီ ရောဂါ ကာကွယ်ရေး အနေဖြင့် ကလေးငယ် များအား ပုံမှန် ကာကွယ် ဆေးထိုး အစီ အစဉ် အရ ကလေး တီဘီ ကာကွယ်ဆေး (BCG) ကို ထိုးနှံ ပေးလျက် ရှိရာ မပျက် မကွက် ထိုးနှံ ပေးခြင်းဖြင့် ပြင်းထန်သော တီဘီ ရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်.. မိသားစု ၀င်တစ်ဥိး တွင် တီဘီ ရောဂါ သံသယ ရှိသူ (သို့) တီဘီ ရောဂါ ဖြစ်ပွား နေပါက စောစီး စွာ ကုသ မှုခံယူ ခြင်းဟာ ကျန်မိသားစု ၀င်များ အတွက် အကောင်း ဆုံးကာကွယ် နည်းဖြစ် ပါတယ်.. တီဘီ ရောဂါ ဖြစ်ပွား နေသူ ဟာ အခြား သူသို့ ရောဂါ မကူးစက် စေရန် တတ်နိုင် သမျှ လူစု လူဝေး နေရာကို ရှောင်ပြီး ချောင်းဆိုး နှာခြေ ပါက လက်ကိုင် ပ၀ါဖြင့် အုပ်၍ နေထိုင်ရန် နှင့် နေအိမ် ကို လေ၀င် လေထွက် ကောင်းအောင် အမြဲ ထားရှိရန် လိုအပ် ပါတယ်.. ကိုယ်ခံ အားကောင်း နေသူ ဟာ တီဘီ ရောဂါပိုး ကူးစက် ၀င်ရောက် ခံရ သော်လည်း ရောဂါ လက္ခဏာ မပြဘဲ နေထိုင် နိုင်သဖြင့် အသောက် အစား၊ မူးယစ်ဆေး ရှောင်ကြဉ် ၍ အာဟာရ ပြည့်ဝ စွာ စားသောက် နေထိုင် သင့်ပါ ကြောင်း ရေးသား ဖော်ပြ လိုက်ရ ပါတယ်.. စာဖတ် သူအပေါင်း ဘေးဘယာ ကင်းဝေး နိုင်ကြ ပါစေ...။
References;http://www.who.int/mediacentre/factsheets/fs104/en/
http://en.wikipedia.org/wiki/Tuberculosis
http://www.medicinenet.com/tuberculosis/article.htm



